မန်ချက်စတာယူနိုက်တက်မှ ပြောင်းရွှေ့မည်မဟုတ်ဟု မော်ရင်ဟိုပြော

1.9K
မန်ချက်စတာယူနိုက်တက်အသင်းကနေ လုံးဝပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ နည်းပြ ဂျိုဆေးမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့မယ်ဆိုပြီးသတင်းတွေ ထွက်နေခဲ့တာပါ။
အသက် ၅၄ နှစ်အရွယ် ပေါ်တူဂီလူမျိုး နည်းပြဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စရောက်တဲ့ရာသီမှာ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူပေးထားနိုင်ခဲ့သလို အခုနှစ်ရာသီမှာလည်း မန်ချက်စတာယူနိုက်တက် အသင်းကို ရလဒ်ကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အခုနှစ်ရာသီမှာ အသင်းကို ငွေကြေးမြောက်မြားစွာ အသုံးပြုပြီးတော့ ကစားသမားတွေအပြင် နည်းပြ အူနိုင်းအန်မေရီ နေရာမှာပါ မော်ရင်ဟိုကို အစားထိုးဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ၈ မှတ်ထိ ကွာဟနေပြီးတော့ ဒဏ်ရာပြဿနာတွေလည်း ကြုံတွေ့နေရပါတယ်။