ဘေးလ်ကို ခေါ်ယူရေး မန်ချက်စတာယူနိုက်တက် လုံးဝလက်လျှော့မည်မဟုတ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရက်ဘေးလ်ကိုခေါ်ယူဖို့ လုံးဝလက်လျော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဂါရက်ဘေးလ်ဟာ ဒဏ်ရာပြသနာတွေနဲ့ မကြာခဏရင်ဆိုင်နေရတာကြောင့် ပရိသတ်တွေအနေနဲ့ မခေါ်ယူစေချင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြမော်ရင်ဟို စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲမှာ ဘေးလ်က ထိပ်ဆုံးက ပါဝင်နေပြီး လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေးအသစ်နဲ့ ထပ်မံခေါ်ယူသွားဖို့ ရှိနေပါတယ်။ ဂါရက်ဘေးလ်ဟာ အခုနှစ်ရာသီအတွက် ၉ ပွဲသာ ကစားရသေးပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါရက်ဘေးလ်အပြင် အင်တာမီလန်အသင်းရဲ့ ခရိုအေးရှားတိုက်စစ်မှူး ပယ်ရီဆစ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့လည်း ကြိုးပမ်းနေခဲ့ပါတယ်။

//
More News
Up