A d v e r t i s e m e n t With Us

စစ်အာဏာသိမ်းခံရသည့် အာဏာရှင်မူဂါဘီ နုတ်ထွက်ပေးပေးရန် တောင်းဆို

စစ်အာဏာအသိမ်းခံလိုက်ရတဲ့ အာဏာရှင် မူဂါဘီကို ပါတီဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ပေးဖို့ သူ့ရဲ့ပါတီဖြစ်တဲ့  ဇန်နုပီအက်ဖ် ပါတီ (Zanu-PF) ဒေသပါတီခွဲတွေက နိုဝင်ဘာ ၁၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ ဇင်ဘာဘွေမှာရှိတဲ့ ဒေသပါတီ ၈၀ ရာခိုင်နှုန်းလောက်က နိုဝင်ဘာ ၁၇ ရက်မှာ မူဂါဘီကို ဇင်ဘာဘွေ သမ္မတအဖြစ်ကနေရော၊ ပါတီအတွင်းရေးမှူးအဖြစ်ကနေရော နုတ်ထွက်ပေးဖို့ မဲပေးခဲ့ကြတာပါ။ ဒါ့အပြင် ဒေသပါတီခေါင်းဆောင်တွေက အစိုးရရုပ်သံကနေ မူဂါဘီနုတ်ထွက်ပေးဖို့ ပြောကြားခဲ့ကြပါတယ်။ အခုတောင်းဆိုချက်ဟာ နိုဝင်ဘာ ၁၈ ရက်က မြို့တော် ဟာရာရီမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ စုရုံးဆန္ဒပြပွဲမတိုင်မီ တစ်ရက်အလိုမှာ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီစုရုံးဆန္ဒပြပွဲဟာ အာဏာသိမ်းစစ်တပ်က အပြည့်အဝထောက်ခံပေးထားတဲ့ ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။ အာဏာရှင်ဟောင်း မူဂါဘီကို အစဉ်တစိုက်ထောက်ခံခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ လစ်ဘရယ်လိုလားတဲ့ အုပ်စုတွေကလည်း မူဂါဘီကို ပါတီဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ဖို့ တောင်းဆိုထားပါတယ်။ မူဂါဘီဟာ နိုဝင်ဘာ ၁၅ ရက်မှာ စစ်တပ်ကအာဏာသိမ်းအပြီး နောက်တစ်ရက်မှာ အာဏာသိမ်းစစ်ခေါင်းနဲ့ တွဲပြီးရှိနေတဲ့ ဓာတ်ပုံကို ဇင်ဘာဘွေအစိုးရပိုင် သံတော်ဆင့်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အာဏာရှင်ဟောင်းမူဂါဘီရဲ့ သူ့နေရာဆက်ဆံမယ့်သူနဲ့ ပတ်သက်ပြီး အာဏာတိုက်ပွဲဖြစ်ပွားခဲ့အပြီးမှာ စစ်တပ်က အခုလို အာဏာသိမ်းခဲ့တာလည်းဖြစ်ပါတယ်။ မူဂါဘီဟာ သူ့နေရာကိုဆက်ခံနိုင်ဖွယ်ရှိတဲ့ ဒု-ဥက္ကဋ္ဌ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး၊ သူ့ရဲ့ဇနီးကို  ဒု-ဥက္ကဋ္ဌ ရာထူးပေးဖို့ အခြေအနေဖန်တီးခဲ့တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up