Home
မြန်မာသတင်း
ကသာ-အင်းတော် ကားလမ်းတွင် မူးယစ်ဆေးဝါးများ ကျပ်သိန်း ၁၂၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
November 18, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီးမှာ နိုဝင်ဘာ ၁၇ ရက်က မူးယစ်ဆေးဝါး ကျပ်သိန်း ၁၂၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ ကသာ-အင်းတော် ကားလမ်းပေါ်ရှိ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီး မီးရထားသံလမ်းကူးနားမှာ ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု-၆ က ရဲအုပ်ကျော်မင်းထွန်း ဦးခေါင်းဆောင်တဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ရှောင်တခင်လမ်းကြောင်း ပိတ်ဆို့ရှာဖွေနေချိန် ကသာမြို့ဘက်ကနေ အမည်မသိမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ခိုင်းချိန် ဆိုင်ကယ်မောင်းနှင်သူမှာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့် မောင်းနှင်ထွက်ပြေးသွားလို့ နောက်ကလိုက်လံ ဖမ်းဆီးခဲ့ရာ ကသာ - အင်းတော်လမ်း အင်းတော်မြို့နယ် နတ်ပေါက်ဆင်စခန်းအဝင်မုဒ်ဦး အနီးရှိ တံတားဘေးခြုံ တောထဲကိုထိုးကျကာ ဆိုင်ကယ်မောင်းနှင်သူမှာ တောအတွင်း ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကျန်ခဲ့တဲ့ ဆိုင်ကယ်ကို သက်သေတွေနဲ့အတူ ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်နောက်မှာ ချည်ထားတဲ့ အဖြူရောင် ဆာလာအိတ်အတွင်းက ရောင်စုံဆပ်ပြာခွက် ၂၁ ခွက်အတွင်း ဘိန်းဖြူ ၂၁၀ ဂရမ် ကာလတန်ဖိုး (၂၁၀၀၀၀၀၀) ကျပ်နဲ့  WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စည်း အထုပ်ကြီး ၁၀ ထုပ် ၊ ၂၀၀ ပြားစီပါ ၇ ထုပ်၊ ၁၀၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၅၀၀ ပြား၊ တန်ဖိုး (၁၀၇၅၀၀၀၀၀) ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု- ၆ မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်နိုင်ဦးက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရမိရေးနဲ့ သက်သေခံပစ္စည်းတွေကို အင်းတော်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ကိုကျော်(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024