ဗြိတိန်တွင် လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီး လေထဲတိုက်မိပျက်ကျ

ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်ရှိုင်းယားဒေသမှာ နိုဝင်ဘာ ၁၇ ရက်နေ့က လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီးတို့ လေထဲ တိုက်မိပျက်ကျခဲ့ပါတယ်။ လန်ဒန်မြို့တော် အနောက်မြောက်ဘက် ၄၅ မိုင်အကွာက ဝက်ဒဲ့စ်ဒွန်ရွာနားမှာ မတော်တဆ ဖြစ်တာလို့ ဘီဘီစီ သတင်းဌာနက အစီရင်ခံပါတယ်။ လေယာဉ်တစီးနဲ့ ရဟတ်ယာဉ် တစီး လေထဲမှာ တိုက်မိမှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တဖွဲ့ လွှတ်ထားတယ်လို့ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအုပ်စုက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ သိမ်းစ်ဗေလီ ဒေသန္တရ ရဲတွေက မီးသတ်နဲ့ လူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းဟာ မတော်တဆ ဖြစ်ရာနေရာမှာ ရောက်နေပြီး အသက်ကယ်ဖို့က ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လေယာဉ်နဲ့ ရဟတ်ယာဉ်တိုက်မိမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေနေတော့ မသိရသေးပါဘူး။

More News
Up