ကွင်းလယ်ကစားသမား ကာဇိုလာ၏ဒဏ်ရာ အလွန်ဆိုးရွားဟု အာဆင်ဝင်းဂါး ပြော

ကွင်းလယ်ကစားသမား ကာဇိုလာရဲ့ ဒဏ်ရာလောက် ဆိုးရွားတဲ့ဒဏ်ရာမျိုး မတွေ့ခဲ့ဖူးဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ စပိန်ကစားသမား ကာဇိုလာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဖနောင့်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး သူ့ရဲ့လက်က အသားစနဲ့ ပြန်လည် အစားထိုးခွဲစိတ် ကုသခဲ့ရတာပါ။ ကာဇိုလာရဲ့ဒဏ်ရာဟာ ဆိုးရွားပေမယ့် သူဟာ ဘောလုံးကိုချစ်တဲ့ ကစားသမား ဖြစ်တာကြောင့် ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ကြိုးစားနေပြီး ဒဏ်ရာဆိုးရွားမှုအတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း အာစင်ဝင်းဂါးက ဆိုပါတယ်။ အသက် ၃၂ နှစ်ရှိ ကွင်းလယ်လူ ကာဇိုလာဟာ ဒဏ်ရာအခြေအနေကြောင့် တနှစ်ကျော်ကြာ အနားယူခဲ့ရပြီး လာမယ့်ဇန်နဝါရီလအတွင်းမှာ ပြန်လည်ပွဲထွက်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

More News
Up