A d v e r t i s e m e n t With Us

ကမ္ဘောဒီးယား အတိုက်အခံပါတီကို ဖျက်သိမ်း၊ ပါတီဝင် ၁၁၈ ဦးကို နိုင်ငံရေးမလုပ်ရန် တားမြစ်

ဓာတ်ပုံ - EPA
ကမ္ဘောဒီးယား တရားရုံးချုပ်က ကမ္ဘောဒီးယား အတိုက်အခံပါတီကို နိုဝင်ဘာ ၁၆ ရက်က ဖျက်သိမ်းလိုက်ပြီး ပါတီဝင် ၁၁၈ ဦးကိုလည်း ၅ နှစ် နိုင်ငံရေးမလုပ်ဖို့ ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အတိုက်အခံပါတီ စီအန်အာပီကို ဖျက်သိမ်းပစ်ဖို့ ကမ္ဘောဒီးယားအစိုးရက တရားရုံးချုပ်ကို ခွင့်တောင်းခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံပါတီဟာ အာဏာရယူဖို့ အမေရိကန်ဆီကနေ အကူအညီ ရယူခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်ဟာ အတိုက်အခံပါတီ စီအန်အာပီခေါင်းဆောင် ကမ်ဆွန်ခကို ဖမ်းဆီးအပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အခုဖျက်သိမ်းခံလိုက်ရတဲ့ အတိုက်အခံပါတီဟာ လက်ရှိ အာဏာရအစိုးရ ဟွန်ဆန်ကို အဓိက စိန်ခေါ်ခြိမ်းခြောက်နေတဲ့ ပါတီဖြစ်ပါတယ်။ အခုလုပ်ရပ်ဟာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ကို နှစ် ၃၀ ကျော် အာဏာရယူဖို့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ဟာ အဓိကအတိုက်အခံမပါဘဲ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်တော့မှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up