Home
မြန်မာသတင်း
မိုးညှင်းတွင် အမျိုးသား ၁ ဦး ဆွဲကြိုးချ သေဆုံး
DVB
·
November 17, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဗောဓိကုန်းကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက အမျိုးသား၁ဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ သတင်းအရ မိုးညှင်းစခန်းက ဒုရဲအုပ်အောင်ဇော်မင်း ဟဲလုံနဲ့ ဗောဓိကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့သွားရောက် စစ်ဆေးရာ သေဆုံးသူဟာ ဇော်သန်း ၃၃ နှစ်ဖြစ်ပြီး ၆ ပေမြင့်တဲ့ နေအိမ် ထုတ်တန်းမှာ အမျိုးသမီးထမိန်ကို လိမ်ကျစ် ချည်နှောင်ကာ ဆွဲကြိုးချလျက် ပြင်ပဒဏ် ရာမရှိဘဲ သေဆုံးနေတာဖြစ်ပါတယ်။ သေဆုံးသူရဲ့ဇနီး မနွဲ့မူကိုမေးမြန်းရာ သေဆုံးသူဟာ မူးယစ်သုံးစွဲမှုနဲ့ ထောင်ကျခဲ့ပြီး ဇွန်လ ၁၀ ရက်နေက ထောင်ကလွတ်လာသူဖြစ်ပြီး မူးယစ်ဆေး ပြန်လည်သုံးစွဲခဲ့ကြောင်း၊ ကျန်းမာရေး မကောင်းတော့လို့ မူးယစ်ဆေးကို မသုံးတော့ဘဲဖြတ်လိုက်လို့ စိတ်ကြောင်နေသူဖြစ်ကြောင်း၊ ယနေ့မနက် ၁၀ နာရီမှာ အိမ်နားက နာရေးသွားရောက် ကူညီပြီး နေ့လည် အိမ်ပြန်လာချိန် အခုလို သေဆုံးနေတာကို တွေ့ရလို့ မိုးညှင်းရဲစခန်းသို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ မိုးညှင်းရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024