A d v e r t i s e m e n t With Us

တိုက်စစ်မှူး အော်ဘာမီယန်းကို ဒေါ့မွန်အသင်းလူစာရင်းမှ ထုတ်ပယ်

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ တိုက်စစ်မှူး အော်ဘာမီယန်းကို စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒေါ့မွန်အသင်းဟာ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ စတုဂတ်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၂ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ အော်ဘာမီယန်းဟာ ဂါဘွန်နဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားအပြီးမှာ နားရက် ၂ ရက်ယူခဲ့ပြီး အသင်းဖော်ဟောင်း ဒမ်ဘီလီနဲ့အတူ ဘာစီလိုနာမြို့မှာရှိတဲ့ နိုက်ကလပ်တခုကို သွားရောက်ခဲ့လို့ အခုလို ဒေါ့မွန်အသင်းက ထုတ်ပယ်လိုက်တာလို့ သိရပါတယ်။ ဒေါ့မွန်အသင်းရဲ့ တွစ်တာစာမျက်နှာမှာလည်း စည်းကမ်းပိုင်းဆိုင်ရာကိစ္စကြောင့် အော်ဘာမီယန်းကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲကစားအပြီး ရမှတ် ၂၀ နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဘွန်ဒက်စ်လီဂါ ဂိုးသွင်းဘုရင်ဆုရ အော်ဘာမီယန်းဟာ အာဖရိက အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် ၅ ဦးစာရင်းမှာလည်း ပါဝင်နေသူဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up