Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတင်သွင်း
နေဖြိုးဝင်း
·
November 17, 2017
နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုဝင်ဘာ ၁၇ ရက် အမျိုးသား လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။ ဥပဒေကြမ်းတင်သွင်းခဲ့တဲ့ ဒေါက်တာဝင်းသိန်းက “ နိုင်ငံဝန်ထမ်း(Civil Service Personal)နဲ့ ပြည်သူ့ဝန်ထမ်း (Public Servant)တို့ရဲ့ အဓိပ္ပာယ်ဟာ သဘော သဘာဝမတူညီလို့ ကွဲပြားခြားနားတဲ့ အင်္ဂါရပ်တွေကို ရှင်းရှင်းလင်းလင်းခွဲခြားသိမှ ၀န်ထမ်းခန့်တာ၊ ၀န်ထမ်းလ စာ၊ စရိတ်၊ အငြိမ်းစားလစာနဲ့ ခံစားခွင့်ဆိုင်ရာတွေမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ စနစ်တကျ ထိရောက် အောင် ဆောင်ရွက်နိုင်ဖို့ ပြည်သူ့ဝန်ထမ်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြင်ဆင်ဖြည့်စွက်ပြီး ပြည်သူ့ဝန်ထမ်း အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖြည့်စွက်ထားတဲ့ နိုင်ငံဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တင်ပြ ရတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ပြဌာန်းခဲ့ပြီး၊ နိုင်ငံဝန်ထမ်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ မှာ ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ လက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024