A d v e r t i s e m e n t With Us

နယူးကာဆယ်နှင့်ပွဲတွင် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်နှင့် ပေါ့ဂ်ဘာ ပါဝင်ဖွယ်ရှိ

မန်ယူကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ဟာ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရသူတွေဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် အရန်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေတာပါ။ အီဗရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဒူးဒဏ်ရာရခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာဟာလည်း တံကောက်ကြောဒဏ်ရာ ရခဲ့တာကြောင့် အနားယူခဲ့ရတာဖြစ်ပြီး မန်ယူအသင်းရဲ့ ပွဲစဉ် ၁၂ ပွဲကို လွဲချော်ခဲ့ပါတယ်။ မန်ယူအသင်းမှာ နောက်ခံကစားသမား ရိုဟိုလည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up