A d v e r t i s e m e n t With Us

နှစ်ပေါင်း ၂၀ ကျော် ကျောခိုင်းခဲ့သည့် ရုပ်သံလောကထဲ ပြန်ဝင်မည့် ဂျော့ခ်ျကလူနီ

ဓာတ်ပုံ - ရိုက်တာ
နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် ဂျော့ခ်ျကလူနီဟာ နှစ်ပေါင်း ၂၀ လောက် ကျောခိုင်းခဲ့တဲ့ ရုပ်မြင်သံကြားလောကကို ပြန်လည်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ဂျော့ခ်ျကလူနီဟာ နာမည်ကြီးဝတ္ထုဖြစ်တဲ့ “Catch 22” ကို ရုပ်သံစီးရီး ပြန်လည်ရိုက်ကူးရာမှာ အပိုင်း ၆ ပိုင်းကို ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ ပါဝင်သွားမှာဖြစ်တယ်လို့ နိုဝင်ဘာ ၁၆ ရက်က ပါရာမောင့် (Paramount) ရုပ်မြင်သံကြားက ပြောကြားပါတယ်။ ဂျော့ခ်ျကလူနီဟာ ၁၉၉၄ ခုနှစ်က စတင်ထုတ်လွှင့်ပြသခဲ့တဲ့ ဆေးပညာဒရာမာစီးရီးမှာ ဆရာဝန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ရုပ်သံလောကကနေ ကျောခိုင်းသွားခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ သူဟာ အိုးရှင်းစ် အလဲဗင်း (Ocean's Eleven)၊ ဂရာဗစ်တီ (Gravity) စတဲ့ ရုပ်ရှင်ကားတွေမှာ အောင်မြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အော်စကာဆုပိုင်ရှင် နာမည်ကော်ျသရုပ်ဆောင်တွေဖြစ်ကြတဲ့ နစ်ကိုးကစ်မန်း၊ ဂျူလီယာရောဘတ်၊ ရောဘတ်ဒီနီရို၊ မိုက်ကယ်ဒေါက်ကလပ် စတဲ့ သရုပ်ဆောင်တွေဟာ ရုပ်သံလောကကိုလည်း ဝင်ရောက်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up