A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် ပြင်းအားမြင့် ငလျင်လှုပ်ခတ်၊ လူ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ ဖို့အန်းမြို့အနီးမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ပြင်းအားမြင့်ငလျင် လှုပ်ခတ်ခဲ့တာမို့ လူပေါင်း ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ ရှိတဲ့ အဲဒီငလျင်ဟာ ပြီးခဲ့တဲ့မှတ်တမ်းတွေအရ ဒုတိယအပြင်းထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူတွေကတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်နေထိုင်နေကြတာပါ။ အခုလှုပ်ခတ်လိုက်တဲ့ ငလျင်ကြောင့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံရဲ့ အရေးပါတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီစာမေးပွဲဟာ တောင်ကိုရီးယားနိုင်ငံမှာတော့ အရေးပါပြီး ကျောင်းသားတွေရော မိဘတွေပါ လပေါင်းများစွာ ကြိုးပမ်းကြရတဲ့ စာမေးပွဲတခုဖြစ်ကာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်ရတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဂွန်ဂျူးမြို့အနီးမှာ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ဖူးပြီး အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ ထိခိုက်ပျက်စီးမှုတွေ ပိုများပြားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up