ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် တောင်ငူထောင်မှ ပြန်လွတ်မြောက် (ဓာတ်ပုံ)
DVB
·
November 17, 2017
ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ရဲတိုက်ဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်က တောင်ငူထောင်နေ ပြန်လည်လွတ်မြောက်လာပါတယ်။
သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၄ ဧပြီ ၇ ရက်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးကနေပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ကိုမျိုးမြင့်ဆွေ