Home
သတင်းဓာတ်ပုံ
ပခုက္ကူမြို့ သီဟိုဠ်​ရှင်​ဘုရားကြီး နှစ်​ ၉၀၀ ပြည့် ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲ(ဓာတ်ပုံ)
မြင့်နိုင်
·
November 16, 2017
ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားကြီး တည်ထားကိုးကွယ်မှုနှစ် ၉၀၀ ပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားစွာ ကျင်းပနေပါတယ်။ ဒီဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ပင့်သံဃာ ၉၀၀ ပါးကို ဌာနဆိုင်ရာတွေ၊  နိုင်ငံရေးပါတီတွေ ကုမ္ပဏီတွေနဲ့ ကုသိုလ်ရှင် ဒေသခံပြည်သူတွေက လှူဖွယ်ပစ္စည်းတွေ လောင်းလှူပူဇော်ခဲ့ကြပါတယ်။ သီဟိုဠ်ရှင်ဘုရားကြီးကို မြန်မာသက္ကရာဇ် ၄၇၉ ခုနှစ်မှာ အလောင်းစည်သူမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024