ပရဟိတအသင်းများ စုပေါင်းပြီး ပုဂံယဉ်ကျေးမှုနယ်မြေတွင် သန့်ရှင်းရေးပြုလုပ် (ဓာတ်ပုံ)

2.7K
ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ဦးဆောင်တဲ့ ပရဟိတအသင်းတွေ စုပေါင်းပြီး ပုဂံယဉ်ကျေးမှုနယ်မြေမှာ သန့်ရှင်းလုပ်နေပါတယ်။
ဒီလိုပြုလုပ်တာက ရှင်း၊ သန့်၊ မြင့် စေပုဂံမြေ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပုဂံဒေသ သန့်ရှင်း သာယာဖို့နဲ့ ဘုရားဖူးဧည့်သည်တွေ စိတ်ကြည်လင်စေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး သန့်ရှင်းရေးပြုလုပ်ရာမှာ ပုဂံဒေသ ရှေးသုတေသနဌာန၊ စည်ပင်ဌာနစတဲ့ ဒေသဆိုင်ရာ ဌာနတွေကလည်း ကူညီပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
တတိယအကြိမ် သန့်ရှင်းရေး ပြုလုပ်ချိန်မှာတော့ ပုဂံမြို့ဟောင်း ကျုံးဘေးပတ်လည်က ချုံနွယ်တွေကို သန့်ရှင်းနေကြတာဖြစ်ပြီး လူဦးရေ ၄၀၀ နီးပါး ပါဝင်သန့်ရှင်း ကုသိုလ်ယူ နေကြပါတယ်။