A d v e r t i s e m e n t With Us

အာဏာသိမ်း ဇင်ဘာဘွေ စစ်တပ်အကြီးအကဲ လာရောက်ခဲ့မှု ပုံမှန်ခရီးဖြစ်ဟု တရုတ် ပြော

ဓာတ်ပုံ - AFP/Getty Images
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝန်ဂါ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ကိစ္စဟာ ပုံမှန်အလည်အပတ်ခရီး ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရွန်းက “ဇင်ဘာဘွေနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံအနေနဲ့ တရုတ်ဟာ ဇင်ဘာဘွေအခြေအနေကို နီးနီးကပ်ကပ် အာရုံစိုက်သွားမှာဖြစ်တယ်။ ဇင်ဘာဘွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အခြေခံ အကျိုးစီးပွားနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် တိုးတက်မှုကို ထိန်းသိမ်းသွားဖို့ ကိစ္စဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဘုံလိုလားချက်ဖြစ်တယ်။ ဇင်ဘာဘွေပြည်တွင်းရေးမှာ သက်ဆိုင်သူတွေအနေနဲ့ သင့်တော်မှန်ကန်စွာ ကိုင်တွယ်သွားကြမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားပါတယ်။ တရုတ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေဟာ နီးကပ်တဲ့ သံတမန်ရေး၊ စီးပွားရေး အဆက်အဆံရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ အရေးယူခဲ့ရာမှာ တရုတ်က ဇင်ဘာဘွေအာဏာရှင် မူဂါဘီဘက်က ရပ်တည်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up