ကစားသမားများအတွက် လုပ်ခအများဆုံး ပေးချေရသည့် အသင်းအဖြစ် ပီအက်စ်ဂျီ ရပ်တည်

ဥရောပကလပ်တွေထဲမှာ ကစားသမားတွေအတွက် လုပ်ခအများဆုံး ပေးချေရတဲ့ အသင်းအဖြစ် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ရပ်တည်နေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ တပတ်လုပ်ခအဖြစ် ပေါင် ၂၇၉ သန်း ပေးချေနေရပြီး လုပ်ခအများဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး နေမာက တပတ် ပေါင် ၅ သိန်း ၇ သောင်း ၃ ထောင် ရရှိနေတာပါ။ ဒုတိယနေရာမှာ ဘာစီလိုနာအသင်းက ပေါင် ၂၆၄ သန်းနဲ့ ရပ်တည်နေပြီး တိုက်စစ်မှူး မက်ဆီက တပတ်လုပ်ခပေါင် ၅ သိန်းနဲ့ အသင်းမှာ အများဆုံးပေးချေရတဲ့ ကစားသမားအဖြစ် ရပ်တည်ပါတယ်။ တတိယနေရာမှာ မန်ယူအသင်းက ပေါင် ၂၆၄ သန်းနဲ့ ရပ်တည်နေပြီး ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက တပတ် ပေါင် ၂ သိန်း ၉ သောင်းနဲ့ အများဆုံးရရှိပါတယ်။ ဥရောပရဲ့ လစာအများဆုံး ပေးချေရတဲ့ ထိပ်တန်း ၁၀ သင်းထဲမှာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးက အဆင့် ၄၊ မန်စီးတီးက အဆင့် ၅၊ အာဆင်နယ်က အဆင့် ၈၊ လီဗာပူးက အဆင့် ၉ မှာ ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နဲ့ အီတလီကလပ် ဂျူဗင်တပ်အသင်းတွေလည်း လစာအများဆုံး ပေးချေရတဲ့ ထိပ်ဆုံး ၁၀ သင်းမှာ ပါဝင်ပါတယ်။

More News
Up