မုန်တိုင်းငယ်အရှိန်ကြောင့် ပြည်နယ်တိုင်း ၁၁ ခုတွင် မိုးရွာနိုင်
DVB
·
November 16, 2017
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် Depression ကြောင့် ပြည်နယ်တိုင်း ၁၁ ခုမှာ အချိန်အခါမဟုတ်မိုးများ ရွာနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီမနက်ကစပြီး နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလ သတင်းမှာ ဖော်ပြပါတယ်။
မုန်တိုင်းငယ်ဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်လာခြင်းမရှိလို့ လောလောဆယ် အ၀ါရောင်အဆင့်သတ်မှတ်ထားပြီး နောက် ၃၆ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေမြောက်ပိုင်းနဲ့ သြရိဿကမ်း ခြေတောင်ပိုင်းအနီးသို့ရောက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ ကြိုတင်သတိပြုနိုင်ဖို့ မိုးလေ၀သဌာနက အသိပေး နှိုးဆော်ထား ပါတယ်။