Home
မြန်မာသတင်း
မွန်ပြည်နယ်မှ အဆင့်မြင့်ရော်ဘာ တန်ချိန် ၅ သောင်း စင်ကာပူနိုင်ငံက ဝယ်ယူမည်
DVB
·
November 16, 2017
မွန်ပြည်နယ်က ထွက်ရှိတဲ့ အဆင့်မြင့်ရော်ဘာပြားတွေကို စင်ကာပူနိုင်ငံက တန်ချိန် ၅ သောင်းအထိ ဝယ်ယူသွားမယ်လို့ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးသူများအသင်းက သိရပါတယ်။ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က “ကျနော်တို့ဆီက တနှစ် ရော်ဘာတန်ချိန် ၅ သောင်း ထုတ်နိုင်ရင် သူတို့လည်း အားလုံးဝယ်နိုင်တယ်။ အဓိကကတော့ ကျနော်တို့ဆီက အဆင့်မြင့်ရော်ဘာပြား (RSS 1, 2, 3) တွေကို ထုတ်နိုင်ဖို့ပဲ။ ဈေးနှုန်းကို ဘယ်လောက်နဲ့ ဝယ်မယ်ဆိုတာလည်း မပြောသေးပါဘူး။ လောလောဆယ် MOU ထိုးထားတဲ့ သဘောပါ။ တန် ၅ သောင်း ဆိုတာကလည်း ကျနော်တို့ဘက်က အခုလက်ရှိ ချက်ချင်း ထုတ်မပေးနိုင်တဲ့ အနေအထား ဖြစ်နေတယ်”လို့ ပြောပါတယ်။ အဆင့်မြင့်ရော်ဘာပြား တန်ချိန် ၅ သောင်း ဝယ်ယူရေးအတွက် မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းနဲ့ စင်ကာပူနိုင်ငံ ဟင်္သာအဂရီကုမ္ပဏီတို့ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်မှာ ရော်ဘာထုတ်ကုန်များ ဝယ်ယူရေးဆိုင်ရာ MOU စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မွန်ပြည်နယ် တပြည်နယ်လုံးမှာ ရော်ဘာစိုက်ပျိုးမြေ ဧက ၅ သိန်းလောက်ရှိပြီး၊ ဧက ၃ သိန်းကျော်မှာ ရော်ဘာထုတ်လုပ်နေတယ်လို့ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးသူများအသင်းရဲ့ စာရင်းမှတ်တမ်းအရ သိရပါတယ်။ မွန်ပြည်နယ်အစိုးရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်း ရော်ဘာတွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ တည်ဆောက်နိုင်ဖို့ စီစဉ်နေပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ တင်ပြနိုင်မှသာ လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးက သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024