မန်စီးတီးမှ စတာလင်နှင့် လိုင်ယွန်မှ ဖစ်ကာတို့ကို ခေါ်ယူရန် အာဆင်နယ် စီစဉ်

အာဆင်နယ်အသင်းဟာ မိုနာကိုတိုက်စစ်မှူး လီမာကို ခေါ်ယူဖို့ ကြိုးပမ်းတော့မှာမဟုတ်ဘဲ မန်စီးတီးက စတာလင်နဲ့ လိုင်ယွန်က ဖစ်ကာတို့ကို ပြောင်းလဲခေါ်ယူဖို့ စီစဉ်နေပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက မိုနာကိုက ပြင်သစ်ကစားသမား လီမာအတွက် ပေါင်သန်း ၉၀ နဲ့ သဘောတူညီမှုရဖို့ နီးစပ်ခဲ့ပေမယ့် ပျက်ပြယ်သွားတာပါ။ လီမာကိုခေါ်ယူဖို့ ဘာစီလိုနာကလည်း စိတ်ဝင်စားနေတဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး အခက်အခဲရှိတာကြောင့် လီမာကိုခေါ်ယူဖို့ အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ တောင်ပံကစားသမား ဆန်းချက်ဇ်၊ ကွင်းလယ်ကစားသမား အိုဇေးလ်တို့နဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် ဒီနှစ်ရာသီအကုန်မှာ ထွက်ခွာခွင့်ပေးရဖို့ ရှိနေပါတယ်။

More News
Up