A d v e r t i s e m e n t With Us

ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးအများဆုံးသွင်းသူအဖြစ် လူကာကူ မှတ်တမ်းတင်

ဂျပန်အသင်းနဲ့ နိုဝင်ဘာ ၁၄ ရက်က ခြေစမ်းပွဲမှာ တဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာ ဘယ်လ်ဂျီယံအသင်းသမိုင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်သွားပါတယ်။ အဲဒီခြေစမ်းပွဲမှာ ဘယ်လ်ဂျီယံအသင်းဟာ ဂျပန်အသင်းကို တိုက်စစ်မှူး လူကာကူရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ အနိုင်ရခဲ့တာပါ။ လူကာကူအနေနဲ့ ဟော်လန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဘားနတ်ဗားဟော့ဖ်နဲ့ ဗန်ဟင့်သ်တို့ စံချိန်တင်ထားတဲ့ သွင်းဂိုး ၃၀ မှတ်တမ်းကို ကျော်ဖြတ်ပြီး ၃၁ ဂိုးနဲ့ ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးတဲ့ ကစားသမား ဖြစ်လာတာပါ။ အသက် ၂၄ နှစ်ရှိ မန်ယူတိုက်စစ်မှူး လူကာကူအနေနဲ့ မန်ယူအသင်းအတွက် ဂိုးပေါက်ပျောက်နေပေမယ့် လက်ရွေးစင်အသင်းမှာတော့ ဂိုးအများဆုံးမှတ်တမ်း ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လူကာကူဟာ ၂၀၁၀ ခုနှစ်ကတည်းက ဘယ်လ်ဂျီယံအသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၆၅ ပွဲမှာ ၃၁ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up