Live
Home
မြန်မာသတင်း
ပလက်ဝတွင် တိုက်ပွဲဆက်ဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ဒဏ်ရာရသေဆုံးမှုရှိ
DVB
·
November 15, 2017
  ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေးက အတည်ပြုပြောပါတယ်။ နိုဝင်ဘာလဆန်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာမှန်ပေမယ့် အသေးစိတ် တော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။ “ပလက်ဝက သတင်းထပ်ရတာတော့ မရှိသေးဘူး။ တိုက်ပွဲ ဆက်ဖြစ်နေတယ်ဆိုတာပဲ ကြားပြီးတော့ သတင်းဘာမှ မပို့သေးဘူး။ ရှင်းလက်ဝရွာ အထက်နားလောက်မှာ သူတို့ တိုက်ပွဲ ဖြစ်နေတယ်။” ဒုက္ခသည်တွေ ထပ်ပြီးထွက်ပြေးလာတယ်ဆိုတဲ့သတင်းလည်း မကြားရဘူးလို့ ဆိုပါတယ်။ ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားကတော့ နိုဝင်ဘာ ၁၃ရက်နဲ့ ၁၄ ရက်တွေမှာ ပလက်ဝမှာ  ၁၄ နာရီကြာ တိုက်ပွဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၇ဦးဒဏ်ရာရ၊ တပ်ကြပ်တဦး သေဆုံးကာ    အစိုးရဘက်ကလည်း သေဆုံးသူနဲ့  ထိခိုက်ဒဏ်ရာရရှိသူ ရှိတယ်ဆိုထားပါတယ်။ တပ်မတော်ဘက်ကတော့ ဒီတိုက်ပွဲသတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းရှိ ကုန်ပြင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက်ကစပြီး တပ်မတော် နဲ့ ရက္ခိုင်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ပလက်ဝမြို့နယ်၊ နုံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲမှာ တပ်မတော်သားတွေ လိုက်ပါလာတဲ့ စက်လှေတစင်းနဲ့ အရပ်သားပြည်သူတွေ စီးနင်းလာတဲ့ စက်လှေတစင်းတို့ကို အေအေတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ပစ်ခတ်မှုအတွင်း ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံ ကျောင်းသား၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024