ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
November 15, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ခဲ့ပြီးနောက် ဒီကနေ့မနက်က နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ- MOFA