A d v e r t i s e m e n t With Us

ဂါဘရီယယ်ဂျီးဆပ်စ်သည် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကဲ့သို့ ဖြစ်လာမည်ဟု ချီးကျူး

လူငယ်တိုက်စစ်မှူး ဂါဘရီယယ် ဂျီးဆပ်စ်ဟာ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုလို ကစားသမား ဖြစ်လာလိမ့်မယ်လို့ အသင်းဖော် ဒန်နီအဲလ်ဗက်စ်က ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၃၄ နှစ်ရှိ ပီအက်စ်ဂျီနောက်ခံလူ အဲလ်ဗက်စ်ဟာ ဘရာဇီးအသင်းမှာ ရော်နယ်ဒိုနဲ့ ၅ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး လူငယ်တိုက်စစ်မှူး ဂျီးဆပ်စ်ကို ချီးကျူးပြောကြားလိုက်တာပါ။ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပြီး အသက် ၂၁ နှစ်အရွယ်မှာပဲ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆု ရခဲ့ပါတယ်။ ဂါဘရီယယ် ဂျီးဆပ်စ်ဟာလည်း လာမယ့် ရုရှား ကမ္ဘာ့ဖလားမှာ အဲဒီလို အောင်မြင်မှုတွေ ရနိုင်တယ်ဆိုတာ သူ့ရဲ့ လက်ရှိခြေစွမ်းက သက်သေပြနေတယ်လို့ အဲလ်ဗက်စ်က ဆိုပါတယ်။ အသက် ၂၀ ရှိ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၂ ပွဲမှာ ၇ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up