ကသာခရိုင် ထီးချိုင့်မြို့တွင် လူထုထောက်ခံပွဲကျင်းပ (ဓာတ်ပုံ)
Aung Aung Naing
·
November 15, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့မှာ ဒေသခံအင်အားတစ်ထောင်နီးပါးက မြို့မအားကစားကွင်းမှ စတင်ပြီးမြို့တွင်းလှည့်လည်ချီတက်ကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီထောက်ခံပွဲကို ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တည်တော၊ ကွမ်းကြီး၊ မြတောင်၊ ဆင်ဖြူဆိပ်၊ ညောင်ပင်သာ၊ ဇီးတောင်၊ မောင်းကုန်း၊ လေသာကန်ပေါက် ကြက်တကောင် စတဲ့ကျေးရွာအုပ်စုက ဒေသခံတွေ တက်ရောက်ထောက်ခံခဲ့ကြသလို စာရေးဆရာ ထင်လင်းဦး၊ ဆရာသရဝဏ်(ပြည်)တို့က ဟောပြောသွားမှာဖြစ်ပါတယ်။