၂၀၁၈ ကမ္ဘာ့ဖလားမတိုင်မီ အင်္ဂလန်အသင်း ဟော်လန်၊ အီတလီတို့နှင့် ခြေစမ်းမည်
အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲတွေအဖြစ် ဟော်လန်၊ အီတလီတို့နဲ့ ခြေစမ်းကစားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့ မတ်လ ၂၃ ရက်မှာ ဟော်လန်နဲ့ အမ်စတာဒန်မြို့မှာ သွားရောက်ခြေစမ်းမှာဖြစ်ပြီး မတ်လ ၂၇ ရက်မှာ အီတလီလက်ရွေးစင်အသင်းနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။
ဟော်လန်နဲ့ အီတလီ နှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်တဲ့ အသင်းတွေဖြစ်ပြီး အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ စတင်မှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာ ၁ ရက်မှာ အုပ်စုမဲခွဲမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ ဒီတပတ်ထဲမှာလည်း ကမ္ဘာ့ချန်ပီယံ ဂျာမနီ၊ ဘရာဇီးတို့နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပြီး နှစ်ပွဲစလုံး ဂိုးမရှိသရေကျခဲ့ပါတယ်။