Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး စတင်ထိုးနှံ
DVB
·
November 15, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့အထိ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာန ယူနီဆက် WHO Gavi တို့ ပူးပေါင်းစီစဉ်မှုနဲ့ ကာကွယ်ဆေး စတင်ထိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး အဆင့်-၁ ဦးမင်းတင်ဇော်ဦးက “အခြေခံပညာကျောင်း တွေမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေးတွေ အားလုံးကိုလည်း ဒီဇင်ဘာ ၁၁ ရက်နေ့က ၂၀ ရက်နေ့အထိ အသက် ၉ လမှ ၁၅ နှစ်အထိ မြို့နယ်ထဲက ကလေးတွေကိုလည်း ဆက်လက်ထိုးပေးသွားမှာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။ အဆိုပါ စီမံချက်ကာလမှာ ရေးမြို့နယ်ထဲက ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပေးမယ့်သူ အရေအတွက်မှာ ၇ သောင်းဝန်းကျင်လောက် ရှိပါတယ်။ ကာကွယ်ဆေး ထိုးရခြင်းမှာ ဂျပန်ဦးနှောက်ရောင် တခုတည်းသော နည်းလမ်းနဲ့ ကာကွယ်ဆေးထိုးတာဖြစ်ပြီး မြို့နယ်ထဲက ကာကွယ်ဆေးထိုးသူ အားလုံး ၁ ယောက်မှ မကျန်ဖို့ အခြေခံ ကျန်းမာရေး ဝန်ထမ်းတွေကလည်း ကြိုးပမ်းထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024