Home
ရုပျသံ
ခြင်းလုံးပုံဝတ်စုံဖြင့် Miss International ပြိုင်ပွဲဝင် မြန်မာအလှမယ် (ရုပ်သံ)
DVB
·
November 15, 2017
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss International 2017 ပြိုင်ပွဲမှာ မြန်မာအလှမယ် စဝ်ယွန်းဝတီဦးက ထူးထူးခြားခြား ခြင်းလုံးပုံသဏ္ဌာန် ဖန်တီးထားတဲ့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒီဝတ်စုံရဲ့ ဒီဇိုင်းကိုတော့ ဒီဇိုင်နာ Ahlatt Lumyang က ဖန်တီးချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာတော့ နှစ်သက်သဘောကျသူတွေ ရှိခဲ့သလို တချို့ကလည်း ဝေဖန်နေကြပါတယ်။ ဒါပေမယ့် ဒီဝတ်စုံဟာ အကောင်းဆုံး ဆန်ခါတင် ၁၅ ဦးစာရင်းထဲမှာတော့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒီအပေါ်မှာ အလှမယ် စဝ်ယွန်းဝတီဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားခဲ့တာကို တွေ့ရပါတယ်။ “အမှန်ဆို အဖက်ဖက်က ဒီလောက်ပြည့်စုံအောင် ပံ့ပိုးပေးထားရက်နဲ့ Top 15 တောင်မဝင်တာ စဝ် ညံ့လို့ မတော်လို့ လို့ပဲမြင်ပါတယ် ... ရှုံးနိမ့်မှုအတွက် ဆင်ခြေမရှိပါဘူး...” ရုပ်သံ - Beauty Pageants of Amazing Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024