A d v e r t i s e m e n t With Us

ကိုယ်ကျိုးစီးပွားကာကွယ်ေရးဝါဒ ပယ်ဖျက်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ခေါင်းဆောင်တွေက အာဆီယံခေါင်းဆောင်တွေကို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ပယ်ဖျက်သွားကြဖို့နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ဆုပ်ကိုင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေး နောက်ဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၄ ရက်က အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း တောင်းဆိုခဲ့ကြတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နျူကလီးယားစက်ရုံ ပေါက်ကွဲမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဂျပန်အရှေ့ပိုင်းဒေသက အစားအစာတွေ တင်သွင်းခွင့်ကို အရှေ့တောင်အာရှနိုင်ငံတွေက ပိတ်ပင်ထားမှု ရပ်ဆိုင်းကြဖို့ တိုက်တွန်းသွားပါတယ်။ ဂျပန်အရှေ့ပိုင်းက ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုဟာ ၂၀၁၁ ခုနှစ် မတ်လက ငလျင်လှုပ်ခတ်အပြီး ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရပြီးနောက် ရေဒီယိုသတ္တိကြွမှု ဖြစ်ပွားခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဂျပန်သမိုင်းမှာ အဆိုးဆုံး နျူကလီးယားအကျပ်အတည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up