A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

ကြက်သွန်နီ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၃၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၁၀၀ ကျပ်ကနေ ငွေကျပ် ၂,၇၀၀ အထိ ရှိပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၅၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ရှိပါတယ်။ ပြောင်းဆံ ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၄၇၀ ကျပ်ကနေ ငွေကျပ် ၄၉၅ ကျပ် ရှိပါတယ်။ အာလူး အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို  ၃၀၀ ကျပ်ကနေ ငွေကျပ် ၈၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ) မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ငွေကျပ် ၅,၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ရှိပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းနက်(စမုံ) နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၆,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ကုလားပဲ v2 ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ငွေကျပ် ၃၉,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA

A d v e r t i s e m e n t With Us

More News
Up