မြစ်ဆုံနဲ့ ပတ်သက်တဲ့စာ မဟုတ်မမှန် လုပ်ကြံမှုဟုဆို
အေးနိုင်
·
April 5, 2012
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်စတင်ဖို့ လူ ၅၀၀ ကို ဝင်ခွင့်ပေးဖို့နဲ့ လိုအပ်တဲ့ယန္တရား ပစ္စည်းတွေ ခွင့်ပြုဖို့ တရုတ်ကုမ္ပဏီတာဝန်ရှိသူက ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ လိပ်မူရေး သားတယ်ဆိုတဲ့ အင်တာနက်တွေပေါ်မှာ ပျံ့နှံ့တဲ့စာဟာ မဟုတ်မမှန် လုပ်ကြံချက်ဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးက တုံ့ပြန်လိုက်ပါတယ်။
အဲဒီစာမှာ CPI ကုမ္ပဏီလက်အောက်ခံ ထိန်ချုံး-မြစ်ကြီးနားလမ်း ဆက်ဆံရေးရုံး တာဝန်ခံက မြစ်ဆုံစီမံကိန်းပြန်စဖို့အတွက် လုပ်ငန်းတာဝန်ခံ၊ လမ်းအင်ဂျင်နီယာနဲ့ အလုပ်သမား စုစုပေါင်းအယောက် ၅၀၀ ကို ယာယီနေထိုင်ခွင့် ကဒ်ပြားများ ထုတ်ပေးဖို့၊ ဒီဇယ်ဆီ တန် ၁၀၀၀၊ ဓာတ်ဆီ တန် ၂၀၀၊ ဘိလပ်မြေ တန် ၁၀၀၀၀၊ မြေတူးစက် ၅ စီး၊ မြေကော်စက် ၆ စီး၊ လူစီးမော် တော်ကား အစီး ၂၀ နဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ သယ်ယူခွင့်ပြုပါရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆိုကြောင်း ရေးသားထားပါတယ်။
ဒီစာနဲ့ပတ်သက်လို့ ကချင်ပြည်နယ်အစိုးရရုံး တာဝန်ရှိသူတဦးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်း ရာမှာ မဟုတ်မမှန် လုပ်ကြံတာသာ ဖြစ်တယ်လို့ ဖြေပါတယ်။