Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးရွာ
DVB
·
November 14, 2017
  ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ပြည်နယ်တိုင်း ၁၀ ခုမှာ အချိန်အခါမဟုတ်မိုးများ ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ “လေဖိအားနည်းရပ်ဝန်းက နည်းနည်းလေး အားကောင်းလာတယ်။ နေရာကွက်ကျးကနေ နေရာကျဲကျဲပေါ့ အများကြီးတော့ မဟုတ်ဘူး၊ ဧရာဝတီိတို့ ရခိုင်၊ လေဖိအားနည်းရပ်ဝန်းက အပေါ် နည်းနည်းလေး တက်လာတဲ့အခါကျတော့ မြန်မာနိုင်ငံအထက်ပိုင်း ချင်းပြည်နယ်၊ ကချင်တို့ သိပ်အများကြီးတော့ မဟုတ်ဘူး။” မိုးလေ၀သဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာ စိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမယ်လို့ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၃ ရက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နေရာကွက်ပြီး တိမ်ထူထပ်တာ ဖြစ်လို့ လေယာဉ်ပျံသန်းချိန် ပြောင်းရွှေ့ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024