Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင်း ကျေးရွာအချို့ကို တောဆင်ရိုင်းများ ဝင်ရောက်
DVB
·
November 14, 2017
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ခုံကြီးကျေးရွာအုပ်စု မကျီးပင်ကွင်းကျေးရွာထဲကို ပြီးခဲ့တဲ့ရက်ပိုင်းက တောဆင်ရိုင်းတွေ ဝင်ရောက်ခဲ့လို့ စပါးခင်းတွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံရွာသားတွေရဲ့ပြောပြချက်အရ သိရပါတယ်။ နိုဝင်ဘာ၁၁ ရက်နေ့ ညပိုင်းနဲ့ ၁၂ ရက်နေ့ ညပိုင်းတွေက ဆင်တွေ ဝင်ရောက်လာပြီး လယ်ထဲက စပါးပင်တွေကို ဝင်စားသွားတာလို့ မကျီးပင်ကွင်းကျေးရွာနေ ကိုကုလားကြီးကပြောပါတယ်။ “အဲဒီတောဆင်ရိုင်းတွေက ဟိုဘက် နန်ကသူဘက်ကနေ လာတာ။ ပထမကတည်းက မြန်မာ့သစ်လုပ်ငန်းက မောင်းနေတာ။ ဒါပေမယ့် မရသေးဘူး။ အခု ကျနော်တို့ ရွာဘက်တွေလည်း လာတာ။ ပြဿနာက ပိုဆိုးလာတယ်။ လူနဲ့နီးတဲ့နေရာတွေအထိ ရောက်လာတယ်။ လူတွကို အန္တရာယ်ပေးမှာ စိုးရိမ်တယ်လေ။ တောဆင်ရိုင်းတွေ ရောက်နေတာ ခုလို ကြာလှပြီ။ ဖြစ်နိုင်ရင်တော့ ဒီနားမှာက စစ်တပ်လည်း နီးတယ်လေ။ အဲဒီတော့ စစ်တပ်ရဲ့ သစ်တော လူအင်အားတွေနဲ့ မောင်းထုတ်သင့်နေပြီ။ လူတွေအတွက် စိုးရိမ်ရတယ်” အခုလို အင်္ဂပူမြို့နယ်ထဲကို တောဆင်ရိုင်းတွေ ရောက်နေတာကို မောင်းထုတ်နေတာ တလကျော် ကြာနေပြီ ဖြစ်ပေမယ့် အခုထိတော့ မမောင်းထုတ်နိုင်သေးပါဘူး။ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးဟန်အုန်းက “အခု ဆင်ကိစ္စက ကျနော်တို့ သစ်တောဦးစီးဌာနအနေနဲ့လည်း တင်ပြနေပါတယ်။ အဲဒီဆင်တွေအတွက်ပဲ ၁၁ ရက်နေ့ ညနေပိုင်းက အစည်းအဝေး လုပ်ထားပါတယ်။ တိုင်းဒေသကြီး အစိုးရကို တင်ထားတယ်။ ပထမ ပြီးခဲ့တဲ့လက ဝင်တုန်းက ၄ ကောင်၊ ခုတော့ ၃ ကောင်ပဲ  ရှိတော့တယ်လို့တော့ မြန်မာ့သစ်လုပ်ငန်းက အခု ဆင်မောင်းအဖွဲ့ ခေါင်းဆောင် ဆင်ဆရာဝန်က အဲဒီလို ပြောတယ်။ ခုလည်း ကျနော့်အနေနဲ့ ဆက်လက်ပြီး အကောင်းဆုံးနည်းလမ်းကို ရှာနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ စပါးခင်းတွေရဲ့ ကာလတန်ဖိုးကတော့ ကျပ် ၅ သိန်းကျော်လောက် ရှိမယ်လို့ မဲဇလီကုန်းရဲစခန်းအပိုင် ကျွဲဆင်းရဲကင်းမှူး ရဲတပ်ကြပ်ကြီးဘသန်းက ခန့်မှန်းပြောပါတယ်။ အခုလို တောဆင်ရိုင်းတွေ ဝင်ရောက်တဲ့ ဒေသအများစုကတော့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024