Live
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 13, 2017
နှမ်းနက်(စမုံ) မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၁၁၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၅,၀၀၀ ရှိပါတယ်။ ပန်းနှမ်း ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၆၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၂,၀၀၀ ရှိပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၂၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲနီပြား ပဲနီပြားကတော့ ဒီနေ့မှာ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ၉၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ရှိပါတယ်။ စားအုန်းဆီ စားအုန်းဆီကတော့ ဒီနေ့မှာ ၁၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၈၇၀ ကျပ် ရှိပါတယ်။ ကုလားပဲ v2 ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ငွေကျပ် ၄၁,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ တင်းကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ စီပီပြောင်း လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၄၂၇ ကျပ်ကနေ ငွေကျပ် ၄၄၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024