A d v e r t i s e m e n t With Us

လက်တွေ့ကျသည့်လုပ်ရပ်များ ပိုလုပ်ရန် ဂျပန်ဝန်ကြီးချုပ်ကို တရုတ်သမ္မတ တိုက်တွန်း

တရုတ်-ဂျပန်ဆက်ဆံရေး တိုးတက်ဖို့ လက်တွေ့ကျတဲ့လုပ်ရပ်တွေ ပိုလုပ်ပါလို့ တရုတ်သမ္မတက ဂျပန်ဝန်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။ တရုတ်-ဂျပန် ၂ နိုင်ငံကြား မတူခြားနားမှုတွေကို သင့်တော်အောင် စီမံခန့်ခွဲရာမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ လက်တွေ့ကျတဲ့လုပ်ရပ်တွေ ပိုလုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို တိုက်တွန်းလိုက်တာပါ။ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အေးပက်) ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း နိုဝင်ဘာ ၁၁ ရက်က တွေ့ဆုံချိန်မှာ ခုလိုတိုက်တွန်းတာ ဖြစ်ပါတယ်။ "၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ အပြန်အလှန် ယုံကြည်မှုက အဓိကပဲ၊ တရုတ်နဲ့ ဂျပန်က ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်သာဖြစ်ပြီး အပြန်အလှန် ခြိမ်းခြောက်မှု မဟုတ်ဘူး" လို့လည်း ရှီက ပြောပါတယ်။ တရုတ်နဲ့ ဂျပန်ဟာ အိမ်နီးချင်းဖြစ်တဲ့အပြင် အာရှမှာရော ကမ္ဘာမှာပါ အကြီးစား စီးပွားရေးနိုင်ငံတွေဖြစ်လို့ ၂ နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုဟာ ၂ နိုင်ငံလုံးသာမက ဒေသတွင်းနဲ့ ကမ္ဘာတရပ်လုံးကိုပါ အကျိုးဖြစ်စေလိမ့်မယ်လို့လည်း ရှီက ဆက်ပြောပါတယ်။ ဒီနှစ်ဟာ တရုတ်နဲ့ဂျပန်ကြား သံတမန်ဆက်ဆံရေး ပြန်စတာ ၄၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပြီး လာမယ့်နှစ်ကတော့ တရုတ်-ဂျပန် ငြိမ်းချမ်းချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုးထားတဲ့ နှစ် ၄၀ ပြည့် နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up