မန္တလေးမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးရပ်ဝန်း အနုပညာပွဲတော် (ဓာတ်ပုံ)

2.2K
မန္တလေး အောင်မြေသာစံမြို့နယ်မှာ ငြိမ်းချမ်းရေးရပ်ဝန်း အနုပညာပွဲတော်ကို မန္တလေးမှ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော အနုပညာရှင်တွေနဲ့ Mandalay Community Center)တို့မှ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအနုပညာပွဲတော်ကို ကျင်းပပါတယ်။
ဒီပွဲမှာ ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေ၊ ပန်းချီပြိုင်ပွဲ ကလေးပန်းချီပြိုင်ပွဲ၊ ကာတွန်းကဗျာတွေ၊ Graffttl လက်ရာတွေ၊ ငြိမ်းချမ်းရေး တေးသီချင်းတွေကို တနေရာတည်း လေ့လာနိုင်မှာဖြစ်ပြီး ပြိုင်ပွဲမှာ ပထမဆုကို ကျပ် ၁ သိန်းခွဲ၊ ဒုတိယဆုကို ကျပ် ၁ သိန်း၊ တတိယဆုကို ကျပ် ၈ သောင်းကျပ်နဲ့ နှစ်သိမ့်ဆုတွေကိုလည်း ပေးသွားမယ်လို့ ပွဲစီစဉ်သူ ကိုမိုးမင်းအောင်က ပြောပါတယ်။