A d v e r t i s e m e n t With Us

စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်မထားသည့် အငှားယာဉ်များကို ဇန်နဝါရီ ၁ ရက်မှ စအရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ YRTA) မှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်မထားတဲ့  ရန်ကုန်လိုင်စင်တက္ကစီတွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အရေးယူသွားမယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြ ပါတယ်။ ရန်ကုန်မြို့တော်အတွင်း ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေအနေနဲ့ လေးထောင့်ကန်လမ်းပေါ်ရှိ (YRTA) ရုံးချုပ်မှာ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး စီးတီးတက္ကစီ မှတ်ပုံတင်ကို ပြုလုပ်ရမှာဖြစ်ပြီး  အရင်အတိုင်း  ခရိုင်အလိုက် (E,W,N,S) ဆိုပြီး မှတ်ပုံတင် ပြုလုပ်ထားရမယ်လို့ ဆိုပါတယ်။ ၂ဝ၁၈  ဇန်နဝါရီ ၁ ရက်မှ စတင်ကာ စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်ထားတဲ့ အငှားယာဉ်တွေကို အရေးယူမယ့်အပြင်  အက္ခရာနံပါတ်နဲ့ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေကိုလည်း ပြေးဆွဲခွင့် ရုပ်သိမ်းတာ၊ AA, BB, CC စတဲ့ ရာသက်ပန် အငှားယာဉ်တွေကို အရေးယူ စစ်ဆေးတာတွေ လုပ်မယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ စီးတီးတက္ကစီ ယာဉ်အစီးရေ ၅ သောင်းခန့်ရှိပြီး နယ်လိုင်စင် တက္ကစီယာဉ်တွေလည်း အများအပြား ပြေးဆွဲနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up