Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
November 13, 2017
မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၀၄/၃ နဲ့ ၄ အကြား နိုဝင်ဘာလ ၁၂ ရက် မနက် ၆ နာရီခွဲက အိမ်စီးကားတစီး ယာဘက်ရှေ့ဘီး ပြုတ်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ရာ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သီးကုန်း အမြန်လမ်း ရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ မန္တလေးဘက်ကို မောင်းလာတဲ့ ရန်ကုန်မြို့ အလုံမြို့နယ်နေ အသက် ၁၈ နှစ်ရှိ မြတ်မင်းကို အရှိန်နဲ့မောင်းလာချိန်မှာ ယာဘက်ရှေ့ဘီး ပြုတ်ထွက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ပက်လက်လှန် တိမ်းမှောက်ခဲ့တာပါ။ ကားပေါ်မှာ ပါလာတဲ့ ယာဉ်မောင်းပါ ၅ ဦးလုံး ဒဏ်ရာရခဲ့ပြီး မော်လမြိုင်မြို့နေ အသက် ၂၂ နှစ်ရှိ စောသိန်းဆုကတော့ မိတ္ထီလာဆေးရုံမှာ ဆေးကုသနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သီးကုန်း အမြန်လမ်း ရဲစခန်း စခန်းမှူးကပြောပါတယ် "သတင်းရရချင်း တပ်ဖွဲ့ဝင် ၁၇ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ သွားတယ်။ ALPHARD ကားပေါ်ပါသူ ၅ ဦးလုံး ဒဏ်ရာရတယ်။ တပ်ဖွဲ့ပိုင် ကားနဲ့ပဲ မိတ္ထီလာဆေးရုံ ပို့ပေးတယ်။ ညနေ ၃ နာရီကျော်မှာ စောသိန်းဆု သေဆုံးသွားတယ်။” သီးကုန်း အမြန်လမ်း ရဲစခန်းက ယာဉ်မောင်း မြတ်မင်းကိုကို အမှုအမှတ် ယာဉ် (ပ)၃၅/၂၀၁၇ နဲ့ ယာဉ်မဆင်မခြင် မောင်းလို့ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှုနဲ့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024