Home
မြန်မာသတင်း
ဟုမ္မလင်း​မြို့​မှာ ​လေပြင်း​တိုက် အ​ဆောက်အဦး​တချို့​ ပျက်စီး
DVB
·
April 5, 2012
စစ်ကိုင်း​တိုင်း​ဒေသကြီး​ ဟုမ္မလင်း​မြို့​မှာ ဧပြီ ၄ ရက်​နေ့​က ​လေပြင်း​ တိုက်ခတ်တဲ့​အတွက် လူ​နေအိမ်​ခြေတချို့​ ပြိုကျတာ​တွေရှိပြီး​ အ​ဆောက်အဦ​တွေ ပျက်စီး​သွား​တယ်လို့​ ဟုမ္မလင်း​ဒေသခံ​တွေက ​ပြောပါတယ်။ ဧပြီလ ၄ ရက်​နေ့​ ​ဒေသ စံ​တော်ချိန် ည​နေ ၃ နာရီ​လောက်က စတိုက်တာ ဖြစ်ပြီး​တော့​ ၁ နာရီ​ကျော်​အောင် ကြာတယ်လို့​ ဟုမ္မလင်း​ဒေသခံ တဦး​က အခုလို ​ပြောပါတယ်။ “မုန်တိုင်း​တိုက်တာ၊​ မ​နေ့​က ည​နေ ၃ နာရီ​လောက်ကတိုက်တာ၊​ တနာရီ​လောက်ကြာတယ်။ ကုတင် ၁၀၀ ​ဆေး​ရုံက သွပ်မိုး​တွေ၊​ အမိုး​တွေလန်တယ်။ ​ရော်ဘာပင်​တွေ ကျိုး​တယ်။ အိမ်အ​သေး​တလုံး​ ပြိုသွား​တယ်။” ဟုမ္မလင်း​မြို့​မှာ ဧပြီ ၄ ရက် ည​နေပိုင်း​က ​လေပြင်မုန်း​တိုင် ကျ​ရောက်တဲ့​ အတွက် အ​ဆောက်အဦ တချို့​ ပျက်စီး​တာကလွဲရင် လူအ​သေအ​ပျောက် မရှိဘူး​လို့​ ​ဒေသခံ​တွေက ​ပြောကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024