ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှု မန္တလေးတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
November 13, 2017
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပတဲ့ ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မန္တလေးမြို့ မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီပွဲကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း တက်ရောက်ခဲ့ပြီး အဆိုတော် မွန်းအောင်က တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။