ရေနံပိုက်လိုင်းပေါက်ကွဲမီးလောင်မှု အီရန်ပတ်သက်ဟု ဘာရိန်းအစိုးရ စွပ်စွဲ (ရုပ်သံ)

2.1K
ဘာရိန်းနိုင်ငံရဲ့အဓိက ရေနံပိုက်လိုင်းတခု နိုဝင်ဘာ ၁၀ ရက်နေ့က ပေါက်ကွဲမီးလောင်မှုဟာ အကြမ်းဖက်သမားရဲ့ တမင်ဖျက်ဆီးမှုကြောင့်ဖြစ်ပြီး အီရန်နဲ့ ပတ်သက်နေတယ်လို့ ဘာရိန်းအစိုးရက စွပ်စွဲလိုက်ပါတယ်။
အီရန်အစိုးရကလည်း မတည်ငြိမ်ဖြစ်နေတဲ့ ပင်လယ်ကွေ့နိုင်ငံ ဘာရိန်းက ဖြစ်ရပ်မှာ ဘယ်လို အခန်းကဏ္ဍကမှ မပတ်သက်ခဲ့ဘူးလို့ ငြင်းပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ဆယ်နာရီခွဲလောက်က ပေါက်ကွဲမှုအပြီး မိနစ်ပိုင်း အကြာမှာ ရေနံပိုက်လိုင်း အကြီးအကျယ် မီးလောင်နေပုံ ရုပ်သံကို လူမှုကွန်ရက် မီဒီယာပေါ်မှာ ဖြန့်ချိခဲ့ပါတယ်။
လတ်တလောချိန်မှာ ဘာရိန်းနိုင်ငံအတွင်း သက်သေပြုခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အီရန်က ညွှန်ကြားချက်တွေ၊ တိုက်ရိုက်ဆက်ဆံမှုတွေကတဆင့် လုပ်ဆောင်နေတာလို့ ပြည်ထဲရေး ဝန်ကြီး ရှိတ်ခ် အဗ်ဒူလာ အယ်လ် ခါလီဖှာကို ကိုးကားပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။
အစိုးရက လုပ်ငန်းလည်ပတ်နေတဲ့ ရေနံ ကုမ္ပဏီ ဘက်ပ်ကိုက တိုက်ခိုက်ခံရတဲ့ ရေနံပိုက်လိုင်းကနေ ရေနံစီးဆင်းမှုကို ပိတ်ထားပြီးပြီလို့ အရပ်ဘက်ကာကွယ်ရေးဌာနက နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။