မီးလင်းရေးကော်မတီဖျက်သိမ်းပေးရေး မြင်းခြံမြို့ ကန်ရွာကျေးရွာသားများ ဆန္ဒပြ
DVB
·
November 12, 2017
မြင်းခြံမြို့နယ် ဂေါင်းဂွဲကျေးရွာအုပ်စု ကန်ရွာကျေးရွာမှာ အလွဲသုံးစားပြုလုပ်တဲ့ မီးလင်းရေးကော်မတီ ဖျက်သိမ်းရေး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
မီးလင်းရေးကော်မတီက ငွေစားရင်းတွေ မရှင်းလင်းမှု၊ ငွေပေးထားသူတွေ မီးမရရှိမှု၊ သက်ဆိုင်ရာ EPC ကို ပေးရငွေနဲ့ ပတ်သက်လို့ မရှင်းလင်းမှု၊ တယ်လီနော်ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပွင့်လင်းမြင်သာစွာ ချမပြတာတွေကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့နဲ့ အလွဲသုံးစားပြုလုပ်တဲ့ ကန်ရွာမီးလင်းရေးကော်မတီ ဖျက်သိမ်းရေးတို့ အတွက် ဆန္ဒပြခဲ့ကြတာပါ။
အမှတ် ၁၈ ဘောလုံးကွင်းမှ ဒီနေ့ မနက် ၉ နာရီကစတင်ပြီး EPC ရုံးဘေးအထိ ကန်ရွာ ကျေးရွာသားတွေက ဒုတိယအကြိမ် လမ်းလျှောက် ဆန္ဒပြကြတာပါ။
သတင်းနှင့်ဓာတ်ပုံ - အိမ်ခိုင်မြဲ