A d v e r t i s e m e n t With Us

အဆိပ်ဖြစ်စေသည့် ပိုးသတ်ဆေးပါဝင်မှုကြောင့် ကြက်ဥအများအပြား ဖျက်ဆီး

A man transports eggs at a processing plant in Gaesti, southern Romania, Friday, Aug. 11, 2017. The European Union said Friday that it plans to hold an extraordinary meeting late next month over a growing tainted egg scandal as it revealed that products contaminated with an insecticide have now spread to 17 countries. (AP Photo/Vadim Ghirda)
ဥရောပတစ်လွှားက ကြက်ဥတွေမှာ အဆိပ်ဖြစ်စေတဲ့ အင်းဆက်ပိုးသတ်ဆေး ပါဝင်နေတာကြောင့် ကြက်ဥအများအပြား ဖျက်ဆီးခဲ့ရအပြီး ပိုလန်နိုင်ငံမှာ ကြက်ဥဈေး မြင့်တက်သွားပါတယ်။ အခုနှစ် ဇူလိုင်လ နှောင်းပိုင်းကစပြီး ကြက်ဥတွေမှာ အဆိပ်ဖြစ်စေတဲ့ အင်းဆက်ပိုးသတ်ဆေးပါဝင်နေတာတွေ့ခဲ့ပြီးနောက်ပိုင်း၊ ကြက်ဥ သန်းပေါင်းများစွာကို ဖျက်ဆီးတာ၊ ဆူပါမားကတ်ေ်တွကနေ ပြန်လည်သိမ်းယူတာတွေ လုပ်ခဲ့ရပါတယ်။ နောက်ပြီး ဥရောပ တစ်လွှားမှာရှိတဲ့ ကြက်ခြံ ၁၀၀ ခန့်ကို လည်း ပိတ်ပစ်ခဲ့ရပါတယ်။ ကြက်ဥမှာ အဆိပ်ဖြစ်စေတဲ့ ပိုးသတ်ဆေးပါဝင်တဲ့ဖြစ်ရပ်ကြောင့် ကြက်ငှက်အသား အကြီးအကျယ်ထုတ်လုပ်ရောင်းချတဲ့ ပိုလန်အပါအဝင် ဥရောပနိုင်ငံတွေကို ထိခိုက်ခဲ့ရပါတယ်။ ပိုလန်နိုင်ငံရဲ့ မြို့တော် ဝါဆောမှာ ကြက်ဥဈေး နှစ်ဆခန့်ထိဈေးတက်သွားတယ်လို့ ဒေသခံတစ်ဦးကပြောကြားပါတယ်။ အခုနှစ်အစောပိုင်းက ဥရောပရဲ့အဓိက ကြက်ငှက်မွေးမြူရေးထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်၊ အီတလီနဲ့ ဟန်ဂေရီနိုင်ငံတွေမှာ ကြက်ဌက်တုပ်ကွေးဖြစ်ပွားခဲ့အပြီးမှာလည်း ဥရောပတစ်လွားမှာ ကြက်ဥဈေးတွေမြင့်တက်ခဲ့တာဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up