အသက် ၁၂၁ နှစ်ရှိ အဘိုးအို ကျန်းမာစွာ နေထိုင်ဆဲ

2.6K
အသက် ၁၂၁ နှစ်ရှိပြီလို့ ယူဆရတဲ့ လူတစ်ဦးဟာ ချီလီနိုင်ငံမှာ ကျန်းမာစွာ အသက်ရှင်နေထိုင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အခုအခါ အသက် ၁၂၁ နှစ်ရှိပြီလို့ ယူဆရတဲ့ ဆယ်လီနိုဗီယန်နွယ်ဘာ ဟာ သူ့အသက် ၉၉ နှစ်အရွယ်မှာ တစ်အိမ်လုံးပြာကျသွားတဲ့အထိ မီးလောင်တဲ့ဘေးနဲ့ကြု့တွေ့ခဲ့ရပါတယ်။
မှတ်ပုံတင်အရ သူဟာ ၁၈၉၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှာ မွေးဖွားတာဖြစ်တဲ့အတွက် အခုချိန်မှာ သူ့အသက် ၁၂၁ နှစ်ထိရှိသွားပြီဖြစ်ပါတယ်။
တစ်ခါမှ အိမ်ထောင်လည်းမပြုဘူးတဲ့ အဘိုးအိုဟာ စောင့်ရှောက်မယ့်သူ မရှိတာကြောင့် စာနာတတ်တဲ့ အိမ်နီးချင်းမိသားစုက အမျိုးသမီး မာတာရာမီရက်ဇ်က သူ့အိမ်မှာ ခေါ်ထားပြီး ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပါ။
အဲဒီအမျိုးသမီးအတွက်ကတော့ ကွယ်လွန်သွားတဲ့ သူ့ဖအေအစား ရလိုက်သလိုပဲ ခံစားရတယ်လို့ ဆိုပါတယ်။
အသက် ၁၂၁ နှစ်ရှိပြီဖြစ်တဲ့ ဆယ်လီနိုဗီယန်နွယ်ဘာဟာ မာတာရာမီရက်ဇ်၊ မာတာရာမီရက်ဇ်ရဲ့သမီးနဲ့မြေးမလေးတွေနဲ့ လက်ရှိအချိန်မှာ တအိမ်တည်းမှာ နေထိုင်နေတာပါ။
“ကျနော့်ကို ရီယိုဘွေနိုမှာမွေးတာ။ ရီယိုဘွေနိုက ကျနော့်ဇာတိ။ အခုဒီမှာနေနေတာ” လို့ အသက် ၁၂၁ နှစ်ရှိပြီဖြစ်တဲ့ ဆယ်လီနိုဗီယန်နွယ်ဘာက ပြောကြားသွားတာပါ။
“သူက ကျွန်မဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဆုံးသွားတဲ့ အဖေနေရာအစားပေါ့။” လို့ ၂၂ ကြာ ခေါ်ယူစောင့်ရှောက်ထားသူ အိမ်နီးချင်းအမျိုးသမီး မာတာ ရာမီရက်ဇ်ကပြောာကြားသွားတာပါ။
အခုနှစ်အစောပိုင်းက အဘိုးအိုဟာ နမိုးနီးယားနဲ့ ဆေးရုံတင်ကုသခဲ့ရပါတယ်။ ငယ်စဉ်က ဆေးလိပ်၊ အရက်သောက်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ အဘိုးအိုကဆိုပါတယ်။
သူဟာ ကိုကာကိုလာ၊ အသီးအနှံ၊ ချိစ်၊ ခရက်ကာတွေကို ကြိုက်နှစ်သက်တယ်လို့လည်း ဒေသခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
သူ့အခုလို အသက်ရှည်တာ မျိုးရိုးကြောင့်လို့ အဘိုးအိုက ယူဆထားပါတယ်။ သူ့အဖေကလည်း အသက်တစ်ရာကျော်ထိ နေသွားတယ်လို့ အဘိုးအိုနဲ့အတူနေထိုင်တဲ့ မိသားစုကပြောကြားပါတယ်။
အဘိုးအိုရဲ့ အိမ်မီးလောင်ရာမှာ သူ့မွေးစာရင်း မူရင်းပါ မီးထဲပါသွားခဲ့တာကြောင့် သူ့အသက်နဲ့ပတ်သက်ပြီး ဂရင်းနစ်မှတ်တမ်းဝင်လို့ မရနိုင် ဖြစ်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။