Live
Home
မြန်မာသတင်း
ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ကျောင်းအုပ်ဆရာ ၁ ဦး သေဆုံး
DVB
·
November 12, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် ၃၃၁/၀ နဲ့ ၁ အကြား နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ဆိုင်ကယ်နဲ့ ၁၂ ဘီးကားတိုက်မိပြီး ကျောင်းအုပ်ဆရာတဦး သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ကန်တောင်ရွာအနီးမှာ ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်နေ ကျော်မြင့်ထွန်းမောင်းလာတဲ့ ၁၂ ဘီးကားနဲ့ ကျောင်းအုပ်ဆရာ ဦးသိန်းထွန်းစီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ယာဉ်လမ်းကြော ပြောင်းပြန်စီးလာတဲ့ ဦးသိန်ထွန်း အခင်းဖြစ်နေရာပဲ သေဆုံးသွားတယ်လို့ မြို့မရဲစခန်းတာဝန်ကျအရာရှိက ပြောပါတယ်။ မြို့မရဲစခန်းဒုရဲအုပ်အောင်သူဟိန်းက “ဆိုင်ကယ်နဲ့ ကားနှစ်စီးလုံး အရှိန်များတယ်။ ဦးသိန်းထွန်းက တဖက်ယာဉ်ကြောထဲ ရောက်သွားပြီး တိုက်မိတယ်။ ဦးခေါင်းငယ်ထိပ် ပေါက်တယ်။ ယာလက်ကောက်ဝတ်နဲ့ ဝဲခြေသလုံးရိုး ကျိုးတယ်။ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ်။ မိတ္ထီလာဆေးရုံပို့ပေးရတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက ဦးသိန်းထွန်း ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024