A d v e r t i s e m e n t With Us

ရီးရဲလ်နည်းပြ ဇီဒန်းလက်အောက်တွင် ကစားလိုဟု ဟာဇက်ပြော

နည်းပြ ဇီဒန်းရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့က အိမ်မက်တခုဖြစ်တယ်လို့ ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်က ၀န်ခံပြောကြားလိုက်ပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းဟာ မိမိရဲ့ စံပြကစာသမားဖြစ်ပြီး သူ့ရဲ့လက်အောက်မှာ ကစား ခွင့်ရချင်တယ်လို့ ဟာဇက်က ပြောကြားခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ဖြစ်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဘာမဆိုဖြစ်နိုင်တာကြောင့် ပြောလို့မရသေးဘူးလို့ ဟာဇက်က ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းအတွက် လုပ်ပေးစရာတွေ ကျန်နေသေးတာ ကြောင့် ချဲလ်ဆီးနဲ့အတူ အောင်မြင်မှုတွေ အရင်ရယူဖို့ အာရုံစိုက်ထားတယ်လို့လည်း ဟာဇက်က ဆိုပါ တယ်။ အသက် ၂၆ နှစ်ရှိ တောင်ပံကစာသမား ဟာဇက်ဟာ ၂၀၂၀ ပြည့်နှစ်ထိ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်း တိုးထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up