ခွဲစိတ်မွေးဖွားစဉ် မိခင်ဝမ်းဗိုက်မှာ ကိုယ်တိုင်တွားသွားထွက်လာသည့် ကလေးငယ် (ရုပ်သံ)

ခွဲစိတ်ခန်းအတွင်း ခွဲထားတဲ့ မိခင်ဝမ်းဗိုက်ထဲက ကလေးငယ်ဟာ ဖြည်းဖြည်းခြင်း ခန္ဓာကိုယ် တခုလုံး တွားသွားထွက်လာတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေရဲ့ သားအိမ်ကို ခွဲစိတ်ပြီး ကလေးမွေးဖွားတာက သဘာအတိုင်း မွေးဖွားတာနဲ့ အနီးစပ်ဆုံး တူညီကာ လူကြိုက်များလာပြီး ဒီလိုမွေးဖွားစဉ်အတွင်း ကလေးရဲ့ဦးခေါင်းက ဦးဆုံးထွက်ပြီးတဲ့နောက် ကလေးရဲ့ကျန်ခန္ဓာကိုယ်တခုလုံးက ငြင်ငြင်သာသာ ထွက်လာတာလို့ ဆိုပါတယ်။ အခြား ပုံမှန်ခွဲစိတ်မွေးဖွားတဲ့ ကလေးကို ဆရာဝန်က မိခင် ဝမ်းဗိုက်ထဲကနေ မွေးထုတ်ပေးလိုက်တာမျိုးနဲ့ မတူပဲ ဒီရုပ်သံထဲမှာ ကလေး ဦးခေါင်းထွက်ပြီးနောက် ဆရာဝန်က ကလေးရဲ့ ဦးခေါင်းကို ညင်ညင်သာသာ ကိုင်ထားပေးပြီး ကလေးက မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ဖြည်းဖြည်းချင်း သူ့ဘာသာ တွားပြီး ထွက်လာတာပါ။ ဒီရုပ်သံကို အင်စတာဂရမ်ပေါ်မှာ တင်ထားပြီး ဘယ်နေရာ ဘယ်အချိန်မှာ ဒီကလေးကို မွေးဖွားခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ မေရာသတင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။

More News
Up