Home
မြန်မာသတင်း
မ​ကွေး​တိုင်း​တွင် တရား​မဝင် ယာဉ်​ပြေး​ဆွဲမှု​ကြောင့်​ နစ်နာမှုများ​ရှိ
အေးနိုင်
·
April 5, 2012
မ​ကွေး​တိုင်း​ ကံမ-ပြည်ကို ​ပြေး​ဆွဲတဲ့​ ​မော်​တော်ယာဉ်လိုင်း​မှာ ကြံ့​ခိုင်​ရေး​ ပါတီအမတ်ရဲ့​ တပည့်​တ​ယောက်က တရား​မဝင်​ပြေး​ဆွဲ​နေလို့​ ​လေလံ​ဈေး​ပြိုင် ​ပေး​ခဲ့​ရသူ​တွေ နစ်နာ​နေပါတယ်။ ဧပြီ ၁ ရက်​နေ့​က စတင်​ပြေး​ဆွဲခွင့်​ရှိတဲ့​ ကံမ-ပြည် ​မော်​တော်ဘုတ် ​ပြေး​ဆွဲခွင့်​အတွက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်း​က ​လေလံပွဲမှာ ကံမမြို့​က စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​ဌေး​လွင်က ၃၂၇ သိန်း​နဲ့​ ​လေလံ​အောင်ပါတယ်။ ကံမမြို့​နယ် စည်ပင်သာယာမှာ နှစ်စဉ်ကျင်း​ပတဲ့​ အဲဒီ​လေလံကို ၂၀၁၁-၁၂ ခုနှစ် ဘဏ္ဍာ​ရေး​နှစ်တုန်း​က ကံမမြို့​နယ် ကြံ့​ခိုင်​ရေး​ပါတီရဲ့​ မ​ကွေး​တိုင်း​ဒေသကြီး​ လွှတ်​တော် ကိုယ်စား​လှယ် ဦး​ဝင်း​နိုင်က ​လေလံ​အောင်ခဲ့​ပြီး​ သူရဲ့​လုပ်​ဖော်ကိုင်ဖက် ဦး​ဝမ်း​ကို လုပ်ကိုင်​စေခဲ့​ပါတယ်။ ဒီနှစ်မှာ​တော့​ ဦး​ဌေး​လွင်က ဦး​ဝမ်း​နဲ့​အပြိုင် ​ဈေး​ပေး​ပြီး​ ​လေလံ​အောင်ခဲ့​တာပါ။ ကြံ့​ခိုင်​ရေး​ပါတီအမတ်လက်ထဲက လုပ်ငန်း​လုပ်ကိုင်ခွင့်​ကို အရပ်သား​ တ​ယောက်က ​လေလံ​အောင်ခဲ့​ပြီး​တဲ့​နောက် မကြာခင်မှာပဲ လူသိရှင်ကြား​ ​လေလံပွဲမှာ မတင်တဲ့​ ကင်း​ရွာ-ပြည် ​မော်​တော်ဘုတ်​ပြေး​ဆွဲခွင့်​ကို ဦး​ဝမ်း​က ကျပ်​ငွေ ၂၁ သိန်း​နဲ့​ ​လေလံဆွဲပြီး​ ​ပြေး​ဆွဲခွင့်​ ရရှိသွား​ခဲ့​ပါတယ်။ ကြံ့​ခိုင်​ရေး​အမတ်ရဲ့​တပည့်​ ဦး​ဝမ်း​ဟာ ဦး​ဌေး​လွင် ​ပြေး​ဆွဲတဲ့​ ကံမ​မော်​တော်ဆိပ်နဲ့​ ကိုက် ၇၀၀ ခန့်​ အကွာ​လောက်မှာ အုတ်ဖို​မော်​တော်ဆိပ် အသစ်တည်ပြီး​ ကံမ​မော်​တော်ဆိပ်က ခရီး​သည်နဲ့​ကုန်​တွေကို ကား​တွေနဲ့​ ကဲ့​ပြီး​ ​ပြေး​ဆွဲ​နေတာ​ကြောင့်​ သူ့​မော်​တော်ကို မစီး​ကြဘဲ နစ်နာ​နေတယ်လို့​ ဦး​ဌေး​လွင်က ​ပြောပါတယ်။ “ဧပြီလ ၁ ရက်​နေ့​က အစဉ်အလာမရှိဘဲနဲ့​ အုတ်ဖိုဆိုတဲ့​ ဆိပ်ကမ်း​က​နေ ပြီး​တော့​မှ ဆိပ်ကမ်း​သစ်ဆိုပြီး​တော့​ လက်ကမ်း​စာ​စောင်​တွေ ထုတ်ပြီး​တော့​ ကျ​နော့်​က ကုလား​ဆိုပြီး​တော့​ ကုလား​ကို အပြတ်တိုက်မယ်ဆိုပြီး​ ကျ​နော့်​ကို ဖိနှိပ်ပြီး​တော့​ အတင်း​အဓမ္မဝင်ပြီး​တော့​ ​ပြေး​ဆွဲ​နေတယ်။ အဲဒီဟာကိုလည်း​ ကုလား​-ဗမာ အ​ရေး​အခင်း​ ဖြစ်​အောင်လို့​ ဆိုပြီး​တော့​ ဖန်တီး​သလို ဖြစ်​နေပါတယ်။ အဲဒီ ကြံ့​ခိုင်​ရေး​အမတ်ကပါ။ နိုင်ငံ​တော် သမ္မတက ​ပြောထား​တာ ဥပ​ဒေရဲ့​အ​ပေါ်မှာ ဘယ်သူမှ မရှိဘူး​။ ဥပ​ဒေ​အောက်မှာ ချည်း​ပဲဆို အခု ကျ​နော့်​မှာ​တော့​ အဲဒီလို ခံ​နေရတယ်။” မ​ကွေး​တိုင်း​ ​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဝင်း​နိုင်နဲ့​ ဦး​ဝမ်း​ကို ဆက်သွယ်လို့​ မရပါဘူး​။ ဦး​ဌေး​လွင်က သူ့​နစ်နာချက်ကို ​ဖြေရှင်း​ပေး​ဖို့​ ဧပြီ ၁ ရက်​နေ့​မှာပဲ ကံမမြို့​နယ် စည်ပင် သာယာရုံး​ကို တိုင်ကြား​ရာမှာလည်း​ ကြံ့​ခိုင်​ရေး​ပါတီအမတ်ကို ​ကြောက်တယ်လို့​ ဦး​စီး​မှူး​က ​ဖြေတယ်လို့​ ​ပြောပါတယ်။ “အဲဒါ ​ကြောက်လို့​လို့​ပြောတယ်။ ကျ​နော်တိုင်​တော့​လည်း​ အဲဒါ ကြံ့​ခိုင်​ရေး​အမတ်ကို ​ကြောက်လို့​ဆိုပြီး​တော့​ စည်ပင် ဦး​စီမှူး​ကိုယ်တိုင်က မလုပ်တာပဲ။” စည်ပင်ဦး​စီး​မှူး​ရုံး​ကို ​မေး​မြန်း​ရာမှာ တာဝန်ယူ​ဖြေဆိုခြင်း​ မရှိပါဘူး​။ “ကျ​နော်တို့​ဆီက ဦး​စီး​မရှိဘူး​။ ဦး​စီး​က ခရီး​သွား​တယ်၊​ ကျ​နော်တို့​လည်း​ ​သေချာမသိဘူး​။ ကျ​နော်တို့​က ​အောက်​ခြေဝန်ထမ်း​တွေဆို​တော့​လေ။” ဒု-ဦး​စီး​မှူး​ကို ​မေး​မြန်း​ရာမှာလည်း​ “မရှိဘူး​။ လမ်း​သွား​တယ်။ လမ်း​မှာ အလုပ်လုပ်​နေကြတယ်။”လို့​ ​ဖြေဆိုပါတယ်။ မြို့​နယ်မှူး​ကို တိုင်ကြား​ အကူအညီ​တောင်း​ရာမှာလည်း​ မထူး​ခြား​ပါဘူး​လို့​ ဦး​ဌေး​လွင်က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024