စာချုပ်သက်တမ်းကုန်ချိန် ကစားသမားဘ၀စခဲ့သည့်အသင်းတွင် ပြန်ကစားလိုဟု အဂွီရိုပြော

မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်တဲ့အချိန်မှာ ကစာသမားဘ၀စတင်ခဲ့တဲ့ အင်ဒီပန့်ဒန်တီအသင်းမှာ ပြန်လည်ကစားချင်တယ်လို့ အဂွီရိုက ပြောဆိုလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိ အာဂျင်တီးနားတိုက် စစ်မှူး အဂွီရိုဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ နောက်ထပ်တစ်နှစ်လောက် စာချုပ်သက်တမ်းတိုးပြီး ကစားဖို့စဉ်းစားနိုင်ပေမယ့် မိမိငယ်ဘ၀က အသင်းမှာ ပြန်ကစားဖို့ ပိုပြီးစိတ်အားထက်သန်နေတယ်လို့ အဂွီရိုကပြောပါတယ်။ တိုက်စစ်မှူး အဂွီရိုဟာ လူငယ်ကစားသမား ဘ၀ကို အန်ဒီပန့်ဒန်တီ အသင်းမှာ စတင်ခဲ့ပြီး သူ့အသက် ၁၈ နှစ်အရွယ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၁၁ခုနှစ်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်အထိ ၁၇၉ ဂိုးသွင်းထားလို့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up